ဒီနေ့ဟာဆိုရင် ကိုထူးအိမ် ကွယ်လွန်သွားခဲ့တာ ၃ နှစ်ပြည့်မြောက်တဲ့နေ့ဖြစ်ပါတယ်။
သြဂုတ်လ ၁၂ရက်နေ့က ကျန်ရစ်တဲ့ သူ့မိသားစုက ကွယ်လွန်ခြင်း ၃ နှစ်ပြည့် ဆွမ်းကျွေး ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
ကိုထူးအိမ်သင် ကွယ်လွန်ခြင်း ၃ နှစ်ပြည့်အထိမ်းအမှတ်တွေ အစီအစဉ် အထွေအထူး ကျင်းပပြုလုပ်နိုင်ခြင်း မရှိကြောင်းကိုလည်း ကြားသိရပါတယ်။
ကိုထူးအိမ်သင် ကွယ်လွန်သွားခဲ့တာ ၃ နှစ်ပြည့်မြောက်ခဲ့ပေမယ့်လည်း သူ့သီချင်း၊ သူ့ဂီတ အနုပညာကို တန်ဖိုးထားလေးစားနေကြတဲ့သူတွေ အမြောက်အများ ရှိနေဆဲပါ။
ကိုငှက်ကြီး ကောင်းရာ မွန်ရာ ဘုံဘ၀မှာ သူပျော်မွေ့တဲ့ အနုပညာ လုပ်ငန်းများကို ငြိမ်းချမ်းစွာနဲ့ ဆက်လက်လုပ်ဆောင်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ဗျာ။
ချစ်ခြင်းအားဖြင့်
ဖိုးသား။


